Home
မြန်မာသတင်း
ဖျာပုံမြို့နယ်တွင် ဗုံး ၃ လုံး ဆက်တိုက်ပေါက်ကွဲ
DVB
·
June 19, 2021
200317455_1127188091098866_6677138971608428461_n
199208057_1127188044432204_5310115123324908448_n
198761542_1127188014432207_3946013846017202390_n
198713892_1127187861098889_6705894464648079954_n
196553139_1127187811098894_7483888866526358846_n

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံမြို့နယ်မှာ ဇွန်လ ၁၉ ရက် မနက်ပိုင်းက ဗုံး ၃ လုံးဆက်တိုက်ပေါက်ကွဲခဲ့ပါတယ်။

မြို့လည်ခေါင်က ပန်းခြံအတွင်းရှိ ရွှေရတုအရာရှိဧည့်ရိပ်သာနဲ့ မြို့နယ်တရားရုံးအနီးမှာ ဗုံးတစ်လုံး၊ အမှတ် ၇ ရပ်ကွက်၊ နီလာလမ်းနဲ့ ဇေယျဝတီလမ်းထောင့်ရှိ မြို့နယ်အခွန်ဦးစီးဌာနရုံးမှာ ဗုံးတစ်လုံးနဲ့ အမှတ် ၄ ရပ်ကွက်၊ ၂ လမ်းက အမှတ် ၄ အထက်တန်း ကျောင်းနဲ့ တရုတ်ဘုံကျောင်းအနီးမှာ ဗုံးတစ်လုံး မနက် ၈ နာရီလောက်က ဆက်တိုက်ပေါက်ကွဲခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

"အခွန်ရုံးက CDM လုံးဝ မရှိတဲ့ရုံးပါ။ ဗုံးက ရွှေရတုဧည့်ရိပ်သာနဲ့ တရားရုံးနားမှာ အရင်ပေါက်တယ်။ ပြီးတော့မှ အခွန်ရုံးနဲ့ အမှတ် ၄ ကျောင်းနားမှာ ပေါက်တာ။ လူထိခိုက်ဒဏ်ရာရတာတော့ မကြားမိဘူး။ အခွန်ရုံးကတော့ နည်းနည်းပါးပါး ပျက်စီးတယ်လို့ သိရတယ်"လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။

ဗုံးပေါက်ကွဲခဲ့တဲ့နေရာတွေကို လက်နက်ကိုင်တွေက မိနစ်ပိုင်းအတွင်းရောက်လာပြီး လုံခြုံရေးတင်းကျပ်ကာ ပတ်ဝန်းကျင်ကို စစ်ဆေးနေပါတယ်။

ဗုံး ၃ လုံးဆက်တိုက် ပေါက်ကွဲခဲ့ပြီးနောက် မြို့အဝင် ဗိုလ်ချုပ်ကြေးရုပ်အနီးက လက်ဖက်ရည်ဆိုင်တစ်ဆိုင်ရှေ့မှာ မပေါက်ကွဲသေးတဲ့ ဗုံးတစ်လုံး ထပ်မံတွေ့ရှိခဲ့လို့ စစ်တပ်က ယူဆောင်သွားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024