မန္တလေးတိုင်း ကျောက်ပန်းတောင်းမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဖွဲ့စည်းပြီးကြောင်း ဇွန်လ ၁၉ ရက်က ထုတ်ပြန်ကြေညာလိုက်ပါတယ်။
အကြမ်းဖက် ဖက်ဆစ်စစ်တပ်ဟာ မြန်မာပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်နဲ့ ဒီမိုကရေစီလိုလားမှုကို ခြိမ်းခြောက်နေတာကြောင့် မိမိတို့လိုလားတဲ့ ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို ရရှိဖို့ အကြမ်းဖက်စစ်ကောင်စီကို လက်နက်ကိုင်ပြီးတော့ တော်လှန်သွားမယ်လို့ ဆိုပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၊ ဒေသတွင်းရှိ PDF တွေနဲ့ ချိတ်ဆက်ဆောင်ရွက်နေပြီးတော့ စစ်အာဏာ ရှင်စနစ် ကျရှုံးရေး၊ ဖက်ဒရယ်ဒီမိုကရေစီ ရရှိရေး၊ အမျိုးသားညီညွတ်ရေး၊ ဖက်ဒရယ်တပ်မတော် ပေါ်ပေါက်ရေးတို့ကို ဦးစားပေးလုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။
ကျောက်ပန်းတောင်းမြို့နယ်ရှိ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေ၊ လက်ပါးစေတွေ၊ ဒလန်တွေနဲ့ စစ်ကောင်စီယန္တရားတွေကို KPGPDF က အဓိကထား တိုက်ခိုက်ရှင်းလင်းသွားမယ်လို့ သတိပေးထားပါတယ်။
ကျောက်ပန်းတောင်းမြို့နယ်ရှိ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ မိဘပြည်သူတွေအနေနဲ့CDM ၀န်ထမ်းတွေအတွက် ကူညီစောင့်ရှောက်ပံ့ပိုးပေးကြရန် မေတ္တာရပ်ခံထားပါတယ်။