ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ္မတူမြို့နယ်မှာ တိုက်ပွဲအတွင်းပျက်စီးသွားတဲ့ လူနေအိမ်တွေအတွက် SSPP/SSA တပ်ဖွဲ့က တစ်အိမ်ထောင်ကို ကျပ် ၅ သိန်းနှုန်းနဲ့ အိမ်ထောင်စုပေါင်း ၁၂၆ စုအတွက် ငွေကျပ်သိန်း ၆၃၀ ထောက်ပံ့ပေးခဲ့ပါတယ်။
နမ္မတူမြို့နယ်အတွင်းက ကျေးရွာတွေမှာ ပြီးခဲ့တဲ့ မေလပိုင်းက ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS/SSA) တပ်နဲ့ တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော်(TNLA)ပူပေါင်းတပ်ဖွဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP/SSA)တို့ တိုက်ပွဲဖြစ်ပွားခဲ့တာပါ။
နှစ်ဖက်တိုက်ပွဲကြောင့် မန်လီ၊ ပန်လုံ၊ ရေအိုး၊ မန်ကျန်နဲ့ မန်ဆာကျွေးရွာ ၅ ရွာက လူနေအိမ် ၁၂၆ အိမ်ထိခိုက်ပျက်ဆီးခဲ့ပါတယ်။
လက်ရှိ နမ္မတူမြို့နယ်က စစ်ရေးအခြေအနေကတော့ SSPP/SSAနဲ့ TNLA တပ်တွေက နယ်မြေစိုးမိုးမှုရသွားပြီး တိုက်ပွဲတွေ ငြိမ်သက်နေပါတယ်။