စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ လယ်ကြီးရွာနေ ဘိသိက်ဆရာတစ်ယောက်နဲ့ ကျောင်းဆရာမတစ်ယောက်ကို ဇွန်လ ၁၆ ရက်က မွန်းလွဲပိုင်းမှာ အကြမ်းဖက်စစ်ကောင်စီတပ်တွေက ဖမ်းဆီးသွားပါတယ်။
ကျောင်းဆရာမ ဒေါ်ဆူဇီနဲ့ ဘိသိက်ဆရာ ကိုမြတ်သူတို့ကို သူတို့ရဲ့ နေအိမ်မှာ စစ်တပ်က လာရောက် ဖမ်းဆီးခေါ်ဆောင်သွားတာလို့ ဒေသခံတစ်ဦးကပြောပါတယ်။
“ဒီနေ့ နေ့လယ် ၁၂ နာရီခွဲလောက် သူတို့နေအိမ်မှာ အကြမ်းဖက်စစ်တပ်တွေ ဝင်ရောက်ဖမ်းစီးသွားတယ်။ သေနတ် ၇ ချက်ဖောက်ပြီး ရွာသူရွာသားတွေကို ခြောက်လှန့်သွားတယ်။”
ဒီနောက် ကျောင်းသားတွေနဲ့ ရွာသားတွေက ဆရာမဒေါ်ဆူဇီကို ပြန်လည်တောင်းခံခဲ့ရာမှာ ဆရာမကို ပြန်လွှတ်ပေးခဲ့ပြီး တောထဲတစ်နေရာမှာ သတိမေ့မြောလျှက် ပြန်တွေ့ခဲ့ရတယ်လို့ ရွာသားတွေက ပြောပါတယ်။
စစ်တပ်က ဘိသိက် ဆရာ ကိုမြတ်သူကိုတော့ လွှတ်မပေးဘဲ ဆက်ခေါ်ဆောင်သွားသလို ရွာက ဆိုင်ကယ် ၃ စီးကိုလည်း ယူသွားတယ်လို့ ဒေသခံတွေပြောပါတယ်
စစ်တပ်က ကျောင်းဆရာမနဲ့ ဘိသိက်ဆရာကို ဘာကြောင့် ခုလိုဖမ်းဆီးတယ်ဆိုတာကို တော့ မသိရသေးပါဘူး။