မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ် နန်းဦးလွင်မှာ ဇွန် ၁၆ ရက် နေ့လယ် ၁၂ နာရီ ၅၀ မိနစ်က မီးလောင်မှု ဖြစ်ပွားပြီး နေအိမ် ၁၁ အိမ် မီးလောင်ကာ ရပ်ကွက်နေ ပြည်သူ ၄၆ ဦး အိုးမဲ့အိမ်မဲ့ မီးဘေးဒုက္ခခံစားခဲ့ရပါတယ်။
ဖြစ်စဉ်မှာ ဦးသန်းကြွယ် (၇၂-နှစ်)ရဲ့ နေအိမ်အတွင်းရှိ ဘုရားစင်အား ပလစ်စတစ်အကြည်စအုပ်ပြီး နှစ်ပင်လိမ်ဝါယာကြိုးနဲ့ မီးဘုတ်ခုံထိုင်ကာ ဘုရားမီးပူဇော်ရာမှာ မီးဘုတ်ခုံအပူလွန်ကဲရာကနေ ပလစ်စတစ်အကြည်စကို မီးလောင်ကျွမ်းခဲ့တာပါ။
မီးလောင်ရာကို မန္တလေးတိုင်းမီးသတ်တပ်ဖွဲ့က Level 3 အဆင့် သတ်မှတ် သွားရောက်ငြှိမ်းသတ်ခဲ့ရာ မနက် ၁ နာရီ ၃၅ မိနစ်မှာ မီးငြိမ်းသွားပါတယ်။
မီးလောင်မှုမှာ အရန်မီးသတ်တပ်ဖွဲ့ဝင်တစ်ဦး ထုပ်တန်းပြုတ်ကျလို့ ခါးမှာ အတွင်းဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့ပါတယ်။
မီးလောင်မှုကြောင့် လူနေအိမ် ၁၁ လုံး မီးလောင်ခဲ့ရာ စုစုပေါင်း ဆုံးရှုံးမှုတန်ဖိုး ကျပ်သိန်း ၂၀၀ ကျော် တန်ဖိုးရှိခဲ့ပါတယ်။
ဒီမီးလောင်မှုမှာ မီးဘေးဒုက္ခသည် အိမ်ထောင်စု ၉ စု၊ ကျား ၁၇ ဦး၊ မ ၂၉ ဦး စုစုပေါင်း ၄၆ဦး ရှိပြီး နန်းဦးလွင်ကျေးရွာ ရွာလယ်ဓမ္မာရုံမှာ ယာယီထားရှိပါတယ်။
ပုသိမ်ကြီးမြို့နယ် မြို့မရဲစခန်းက မီးစလောင်တဲ့ အိမ်ရှင် ဦးသန်းကြွယ် (၇၂-နှစ်)ကိ ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၈၅ နဲ့ အရေးယူထားပါတယ်။