Home
မြန်မာသတင်း
ကျောက်တန်းမြို့နယ် ဒုပညာရေးမှူး ပစ်သတ်ခံရ
DVB
·
June 16, 2021
199811218_1125450161272659_5155594656222364357_n

ရန်ကုန်တိုင်း၊ ကျောက်တန်းမြို့နယ်က ဒုပညာရေးမှူး တစ်ဦး  ဇွန်လ ၁၆ ရက် မနက်ပိုင်းက သေနတ်နဲ့ပစ်သတ်ခံခဲ့ရပါတယ်။

ကျောက်တန်းမြို့နယ် ဒုပညာရေးမှူး ဦးအေးထွန်းဟာ ကျောက်တန်း အထက ၁ နဲ့ စာတိုက်ကြားမှာ သေနတ်နဲ့ပစ်ခံရပြီး နေရာမှာတင်  သေဆုံးခဲ့တာလို့ မျက်မြင်တွေ့သူတွေက ပြောပါတယ်။

ပစ်ခတ်မှုဖြစ်ပြီးနောက် အကြမ်းဖက် စစ်ကောင်စီရဲ့ လက်နက်ကိုင်တပ်တွေ ရောက်လာပြီး စစ်ဆေးနေပါတယ်။

ဒုပညာရေးမှူး ဦးအေးထွန်းဟာ စစ်တပ်သတင်းပေးတစ်ဦးဖြစ်ပြီး  သူ့ရဲ့ သတင်းပေးမှုကြောင့်  CDM ဆရာ ဆရာမတွေ ဖမ်းဆီးခံရမှု အများအပြားရှိခဲ့တယ်လို့ ပညာရေးအသိုင်းဝိုင်းက သိရပါတယ်။

ဒီကနေ့ မနက်ပိုင်း ရန်ကုန် လှိုင်သာယာမှာလည်း အကြမ်းဖက်စစ်ကောင်စီခန့်အပ်ထားတဲ့ အမှတ် ၁၃ ရပ်ကွက်အုပ်ချုပ်ရေးမှူး  သေနတ်နဲ့ပစ်သတ်ခံရလို့ လမ်းပေါ်မှာ သေဆုံးခဲ့ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024