ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်၊ ဇွန်လ ၁၅ ရက် ဒီနေ့လယ် ၁ နာရီခွဲလောက်က ဘိုကုန်းစျေးရှေ့ ရပ်ထားတဲ့ ကားအနားမှာ ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပါတယ်။
အကျဉ်းဦးစီးနဲ့ဆက်စပ်တဲ့ကားထဲကို ဗုံးပစ်သွင်းခဲ့တာဖြစ်ပြီး၊ ကားမှန်တွေ တင်ထားလို့ ကားထဲကို ဗုံးမပေါက်ကွဲဘဲ ကားအပြင်ဘက်ကို ကျရောက် ပေါက်ကွဲခဲ့တာလို့ ပတ်ဝန်းကျင်ရှိ မျက်မြင်တွေက ပြောပါတယ်။
ပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရတာတော့ မကြားမိကြောင်းနဲ့ ပေါက်ကွဲမှုဖြစ်ပြီးနောက် ရဲတွေ လာရောက်စစ်ဆေးတာတွေ လုပ်ခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီကား ၂ စီးဟာ ထောင်နဲ့ ဆက်စပ်တဲ့ အရာရှိကားတွေ ဖြစ်တယ်လို့ သိရပါတယ်။