စစ်ကိုင်းတိုင်း၊ စိုင်ပြင်မြို့နယ်တွင် အမျိုးသား ၁ ဦး ပစ်သတ်ခံရ
DVB
·
June 15, 2021
စစ်ကိုင်းတိုင်း၊ စိုင်ပြင်မြို့နယ်မှာ ဇွန်လ ၁၄ ရက် ညနေ ၅ နာရီခွဲလောက်က အမျိုးသား ၁ ဦးကို အမည်မသိ သေနတ်သမား ၃ ယောက်က ပစ်သတ်သွားပါတယ်။
စစ်တပ်သတင်းပေး ဒလန်လို့ နာမည်ကြီးနေတဲ့ ကိုမော်စီတိုးဆိုသူ အသတ်ခံရတာလို့ စိုင်းပြင်ဒေသခံတစ်ဦးက ပြောပါတယ်။
“သူကစစ်တပ်ကို သတင်းတွေပေးတဲ့သူ။ ကျနော်တို့ စိုင်ပြင်မြို့အဝင်မှာရှိတဲ့ သူ့စျေးဆိုင်မှာ ထိုင်နေတုန်း အမည်မသိလူ သုံးယောက်က သေနတ်နဲ့ ဝင်ပစ်သွားတာ”။
စစ်ကိုင်းတိုင်းမှာ စစ်ကောင်ခန့်တဲ့ အုပ်ချုပ်ရေးမှူးတွေနဲ့ သတင်းပေး ဒလန်တွေ အသတ်ခံရတာ အများအပြားရှိခဲ့ပါတယ်။