မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ ငါန်းဇွန်မြို့နယ်၊ မြို့သာအနောက်ရွာမှာ ဇွန်လ ၁၂ ရက် မနက် ၃ နာရီခွဲလောက်က ညသပိတ်ကို ဦးဆောင်သူ အောင်ငြိမ်းချမ်းကို နေအိမ်မှာ စစ်ကောင်စီလက်နက်ကိုင်တပ်က လာရောက် ဖမ်းဆီးသွားခဲ့ တယ်လို့ ရွာခံတွေက ပြောပါတယ်။
ဒါ့အပြင် မနက် ၄ နာရီလောက်မှာ ဗကသ ကျောင်းသား ကိုဇေယျာမောင်နဲ့ သက်ကန်ရွာသား ၂ ယောက်တို့ ပုန်းရှောင်တဲ့နေရာကို အောင်ငြိမ်းချမ်းနဲ့အတူ လုံခြုံရေးတပ်ဖွဲ့ရောက်လာပြီး ထပ်မံ ဖမ်းဆီးသွားတယ်လိုလည်း သိရပါတယ်။
သူတို့ကို ဘာကြောင့်ဖမ်းဆီးတယ် ဘယ်မှာ ဖမ်းဆီးထားတယ် ဘာအမှုနဲ့ တရားစွဲမယ်ဆိုတာ တော့ မသိရသေးပါဘူး။