ကလေးမြို့တွင် ကိုဗစ်-၁၉ ရောဂါဖြင့် ၄ ဦး ထပ်မံ သေဆုံး
DVB
·
June 14, 2021
စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ ဇွန်လ ၁၃ ရက်က ကိုဗစ်-၁၉ ရောဂါနဲ့ ဒေသခံ ၄ ဦး ထပ်မံ သေဆုံးသွားပါတယ်။
မနေ့ နေ့လည်ပိုင်းက ကလေးပြည်သူ့ဆေးရုံကြီးမှာ ၂ ယောက်သေဆုံးပြီး တောင်ဇလပ်နယ်မြေမှာ ၂ ယောက်သေဆုံးတာလို့ ကလေးဒေသခံတစ်ဦးက ပြောပါတယ်။ ကလေးမြို့မှာ ကိုဗစ်-၁၉ ကြောင့် သေဆုံးသူ အယောက် ၃၀ ရှိသွားပြီဖြစ်ပါတယ်။