မန္တလေးမြို့က ရပ်ကွက်တချို့မှာ NUG/CRPH နဲ့ ပတ်သက်သူတွေကို ဖော်ထုတ်ဖမ်းဆီးဖို့ ခြိမ်းခြောက်စာတွေ လိုက်ကပ်ထားပါတယ်။
ငြိမ်းချမ်းစွာနေထိုင်လိုသောပြည်သူများ ဆိုပြီး CDM လုပ်တာ၊ သံပုံးတီးတာ၊ ဆန္ဒပြတာ တွေကို မကန့်ကွက်ပေမဲ့ အသံဗုံးခွဲတာ၊ လက်လုပ်မိုင်းပစ်တာ၊ ကျောင်းတွေ မီးရှို့တာကို လက်မခံနိုင်ဘူးဆိုပြီး စာတွေမှာ ဖော်ပြထားပါတယ်။
“ဆိုင်ကယ်နဲ့ လာကပ်ပြီး ပြေးသွားတာ။ ရပ်ကွက်က ဓာတ်တိုင်တော်တော်များများ လိုက်ကပ်ထားတာကို တွေ့ရတယ်။ ဒီလိုစာတွေက ပျူစောထီးအဖွဲ့တွေ လိုက်ကပ်တာပဲ ဖြစ်မယ်။ ဒါက ဒီမိုကရေစီအရေး လုပ်ဆောင်နေသူတွေ NUG/CRPH တို့နဲ့ ပတ်သက်သူတွေကို ခြိမ်းခြောက်တဲ့သဘော ဖြစ်တယ်” လို့ အောင်သာယာရပ်ကွက်နေသူ တစ်ဦးက ပြောပါတယ်။
ဒီလို ကပ်ထားတဲ့စာတွေကို ပြည်သူတချို့ကလည်း ပြန်လည်ခွာပြီး မီးရှို့ ဖျက်ဆီးတာတွေ လုပ်ကြပါတယ်။