တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြို့နယ်မှာ လူစုလူဝေးမလုပ်ဖို့ အမိန့်ထုတ်ထားတဲ့ကြားက ပြည်သူတွေဟာ ဇွန်လ ၁၃ ရက် ဒီနေ့ မနက်ပိုင်းမှာ အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီကို ဆန့်ကျင်တဲ့အနေနဲ့ ဆက်လက်ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။
ဒီကနေ့ မနက်ပိုင်းမှာတော့ လောင်းလုံးမြို့နယ်ရဲ့ ညင်းမော်၊ မောင်းမကန်ကျေးရွာတွေအပြင် ကျေးရွာအများစု ဆန္ဒထုတ်ဖော်ခဲ့ကြတာ ဖြစ်ပါတယ်။
လောင်းလုံးမြို့နယ်ကို စစ်ကောင်စီ အုပ်ချုပ်ရေးမှူးက ဇွန်လ ၁၁ ရက်ကစပြီး လူငါးဦးထက် ပိုမစုရ၊ ည ၈ နာရီမှ မနက် ၄ နာရီအထိ နေအိမ် အပြင် မထွက်ရတဲ့ ညမထွက်ရအမိန့် ထုတ်ပြန်ထားသလို စုဝေးတာ၊ ဟောပြောတာ၊ ဆန္ဒပြစီတန်းလှည့်လည်တာတွေ မပြုဖို့လည်း ထုတ်ပြန်ထားတာပါ။