မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်မှာ ဇွန်လ ၁၂ ရက်နေ့က ပြည်သူ ၃ ယောက်ကို နေအိမ်တွေမှာ အကြမ်းဖက်စစ်အုပ်စုက လာရောက်ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
မိုးကုတ်မြို့ ရွှေညောင်ပင်ရွာက ကိုဝေယံကို ဒီမနက် ၁၁ နာရီဝန်းကျင်က နေအိမ်မှာ လာရောက်ဖမ်းဆီးသွားပြီး ကပိုင်ကျေးရွာက ကိုအာနိုးနဲ့ အသက် ၅၀ ကျော်ဝန်းကျင်ရှိ ဒေါ်ဋ္ဌေးဋ္ဌေးမြင့်တို့ကိုလည်း နေအိမ်တွေမှာ စစ်အုပ်စုက အိမ်စီးကားတွေနဲ့ လာဖမ်းသွားတယ်လို့ ဆိုပါတယ်။
ရွှေညောင်ပင်ရွာက ကိုဝေယံကို အရင်တခေါက်တုန်းကလည်း အကြမ်းဖက်စစ်အုပ်စုက လာရောက်ရှာဖွေပေမယ့်မတွေ့ရှိခဲ့ဘဲ ခုမှ ဒလန်သတင်းပေးတာကြောင့် လာဖမ်းတယ်လို့ ဆိုပါတယ်။
ပြည်သူ ၃ ယောက်စလုံးကို ဘာကြောင့်ဖမ်းတယ်၊ ဘယ်မှာဖမ်းဆီးထားတယ်ဆိုတာတော့ မသိရသေးပါဘူး။