မန္တလေး၊ မဟာအောင်မြေမြို့နယ်၊ သိပ္ပံလမ်းပေါ်ရှိ ကညန (မန္တလေးတိုင်း) ရုံးရှေ့မှာ ဇွန်လ ၁၁ ရက် နေ့လယ်ပိုင်းက လက်လုပ်ဗုံးပေါက်ကွဲမှုပြီး အမျိုးသမီး ၁ ဦးထိခိုက် ဒဏ်ရာ ရသွားပါတယ်။
အဲ့ဒီလက်လုပ်ဗုံးပေါက်ကွဲမှုကြောင့် လိုင်စင်သက်တမ်းလာတိုးတဲ့ အမျိုးသမီး တစ်ဦးရဲ့ ခြေထောက် ဗုံးစမှန်ပြီး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ မျက်မြင်တွေ့ရှိသူက ပြောပါတယ်။
''ရုံးရှေ့ မျက်နှာစာ သိပ္ပံလမ်းဘေးဆိုင်ကယ်တွေ စီပြီးရပ်ထားတဲ့နေရာမှာ ဖြစ်တာ။ သက်တမ်းလာတိုးတဲ့ ကောင်မလေး တစ်ယောက် ဗုံးစမှန်သွားတယ်။”
ကညန (မန္တလေးတိုင်း) ရုံးမှာ လက်လုပ်ဗုံးပေါက်တာ ၅ ကြိမ်လောက်ရှိပြီဖြစ်ပြီး မေလ ၁၀ ရက်နေ့ကလည်း လက်လုပ်ဗုံးပေါက်ကွဲမှုမှာ လူ ၄ ယောက် ဒဏ်ရာရခဲ့ပါတယ်။