Home
မြန်မာသတင်း
ရွှေကူသင်္ဘောဆိပ်တွင် စစ်တပ်ရိက္ခာတင်သင်္ဘော တိုက်ခိုက်ခံရ
DVB
·
June 10, 2021
198139062_949236629183625_2761107376612683982_n

ကချင်ပြည်နယ်၊ ရွှေကူမြို့မှာ ဇွန်လ ၉ ရက် ည ၁၀ နာရီလောက်က သင်္ဘောဆိပ်မှာဆိုက်ကပ်ထားတဲ့ စစ်တပ်ရိက္ခာတင်သင်္ဘော တိုက်ခိုက်ခံခဲ့ရပါတယ်။

ကေအိုင်အေနဲ့ ဒေသခံ ရွှေကူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(SPDF)တို့ ပူးပေါင်းကာ ဝင်ရောက်စီးနင်း တိုက်ခိုက်ကြလို့ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပေါ်ခဲ့တယ်လို့ ရွှေကူဒေသခံက ပြောပါတယ်။ 

"ဖြစ်တာက ည ၉ နာရီ ၄၅ မိနစ်လောက်ကဖြစ်တာ ပထမက လျှပ်ပြေးဆိပ်ဘက်ကနေ ရွှေကူ PDF နဲ့ KIA က သင်္ဘောကို စပြီးပစ်တယ်လို့သိရတယ်။ အဲဒီသင်္ဘောပေါ်က အစောင့်စစ်သားတွေနဲ့ အပြန်အလှန်ပစ်ခတ်ကြတာ လက်နက်ကြီးသံတွေရော၊ သေနတ်သံတွေရော အရင်တစ်ခါထက် ပိုပြင်းထန်တယ်တိုက်ပွဲက"လို့ပြောပါတယ်။

ပစ်ခတ်မှုတွေ၊ လက်နက်ကြီးနဲ့ စက်သေနတ်သံတွေ​ကြောင့် ပတ်ဝန်းကျင်မှာ နေထိုင်သူတွေ ကြောက်လန့်နေကြတယ်လို့လည်း  သင်္ဘောဆိပ်အနီး နေထိုင်သူ တစ်ယောက်က ပြောပါတယ်။

အဆိုပါပစ်ခတ်တိုက်ခိုက်မှုကြောင့် ထိခိုက်ကျဆုံးမှုအခြေအနေတော့ မသိရသေးပါဘူး။ 

ရွှေကူမြို့ ရဲစခန်းကိုလည်း ပြီးခဲ့တဲ့ ဇွန်လ ၄ ရက်က   ​ရွှေကူ PDF နဲ့ KIA တို့ ပူး​ပေါင်းပြီး တိုက်ခိုက်ခဲ့ပါတယ်။ 

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024