မကွေးတိုင်းဒေသကြီး၊ ကံမမြို့နယ်မှာ ဇွန်လ ၈ ရက်နေ့က ကံမမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဝင်း အပါအဝင် ဒေသခံ ပြည်သူ ၆ ယောက်ကို အကြမ်းဖက် စစ်ကောင်စီက ဖမ်းဆီးသွားပါတယ်။
ပြီးခဲ့တဲ့သီတင်းပတ်ကတည်းက အကြမ်းဖက်စစ်ကောင်စီအဖွဲ့က PDF လူငယ်တစ်ယောက်ကို ဖမ်းဆီးစစ်ဆေးရာမှာ ဦးဇော်ဝင်းက ခိုင်းပါတယ်ဆိုပြီး ဖော်လိုက်တာကြောင့် အခုလိုအဖမ်းခံရတာလို့ သူနဲ့ နီးစပ်တဲ့ မိတ်ဆွေတစ်ယောက်က ပြောပါတယ်။
ဦးဇော်ဝင်း အပါအဝင် အမျိုးသား ၅ ယောက်နဲ့ အမျိုးသမီး ၁ ယောက်ကို အကြမ်းဖက်စစ်ကောင်စီအဖွဲတွေက လက်နက်တွေအပါအဝင် ဆက်စပ်ပစ္စည်းတွေနဲ့ ဖမ်းဆီးသွားတာလို့ ဆိုပါတယ်။