ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့ပေါ်မှာ KTV ဆိုင်တစ်ဆိုင်ကို သွားရောက် မူးယစ်ရမ်းကားခြိမ်းခြောက်ကာ ဆိုင်ဖွင့်ခိုင်းခဲ့တဲ့ ရဲအရာရှိ ၅ ယောက်ကို စစ်တပ်က ဝိုင်း၀န်းရိုက်နှက်အရေးယူခဲ့ပါတယ်။
ဇွန်လ ၆ ရက်က ညမထွက်ရအမိန့်ကို ကျော်လွန်ပြီး ရဲအရာရှိ ၅ ယောက်က KTV ကို သွားရောက်ကာ မူးယစ်ရမ်းကားခဲ့တာလို့ ကျောက်မဲ ဒေသခံတွေထံက သိရပါတယ်။
စစ်တပ်ကရိုက်နှက်ခဲ့တဲ့ ရဲအရာရှိတွေကတော့ နောင်ချိုမြို့နယ်က ဒိုးပင်ရဲစခန်းက စခန်းမှူး၊ အမှုစစ်ဒုရဲအုပ်၊ နယ်ထိန်းခေါင်းဆောင်၊ ကျောက်မဲမြို့နယ် နောင်ပိန်ရဲစခန်းက စခန်းမှူးနဲ့ အမှုစစ်ဒုရဲအုပ်တို့ ဖြစ်ပါတယ်။
အဆိုပါ ရဲ ၅ ယောက်ကို ရဲစည်းကမ်းဖောက်ဖျက်မှုနဲ့ အရေးယူသွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။