Home
မြန်မာသတင်း
အမ်းမြို့နယ် ဒါးလက်ကျေးရွာ၌ စစ်တပ်နှင့်ရဲပူးပေါင်းပြီး ပြည်သူလူထုထံမှ ပိုက်ဆံတောင်း
DVB
·
June 8, 2021
DarLatt village

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ ဒါးလက်ကျေးရွာအုပ်စု၊ ဒါးလက်ချောင်းကို မှီခို သွားလာ လုပ်ကိုင်စားသောက်နေကြတဲ့ ရွာသားတွေဆီကနေ အကြမ်းဖက် စစ်ကောင်စီတပ်သားတွေက ဇွန် ၆ ရက်နေ့က စတင် ငွေကြေးတောင်းခံနေတယ်လို့  ဒေသခံတွေက ပြောပါတယ်။

ဒါးလက်ချောင်း ကဇူးကိုင်းတံတားမှာ ဖွင့်လစ်ထားတဲ့ဂိတ်မှာ စစ်တပ်ကနေပြီး ဝင်ရောက်တပ်စွဲထားပြီး ရဲနဲ့ စစ်သား ပူးပေါင်းကာ ချောင်းအတွင်း ဖြတ်သန်းသွားလာတဲ့ ပြည်သူတွေကို စစ်ဆေး ငွေတောင်းခံနေတာလို့ဆိုပါတယ်။ 

“ကျနော်တို့ ဒါးလက်ကျေးရွာအုပ်စုက ကမ်းထောင်းကြီးမြို့ကို စျေးသွားဝယ်ပြီး ပြန်လာတဲ့စက်လှေ ၂ စီးမှာ ဆန်ပါလာတာကို တွေ့လို့ ပိုက်ဆံတောင်းတယ်။ အဲဒါ စက်လှေ ၁ စီးမှာက ပိုက်ဆံပါလို့ ပေးခဲ့တယ်။ ကျန် ၁ စီးမှာတော့ ပိုက်ဆံမပါလို့ မပေးခဲ့ရဘူး။ ပြီးရင် ချောင်းထဲမှာ သွားနေတဲ့ ဝါးဖောင်တွေကို တွေ့ရင်လည်း ဘယ်လောက်ပေးရမယ်ဆိုပြီး ပိုက်ဆံတောင်းတယ်။ လူတွေကိုလည်း မှတ်ပုံတင်တို့၊ ထောက်ခံစာတို့ စစ်ဆေးတယ်။ မပါရင် သွားခွင့်မပေးဘူးပေါ့။ ကျနော်တို့ ဒါးလက်အုပ်စုကလူတွေက အဓိက ဒီချောင်းကို မှီခိုပြီးမှ သွားလာလုပ်ကိုင် စားသောက်နေရတာဆိုတော့ သူတို့ အခုလို ငွေလိုက်တောင်းနေတော့ တော်တော်ဒုက္ခရောက်တာပေါ့။” 

အမ်းမြို့နယ်၊ ဒါးလက်ကျေးရွာအုပ်စုမှာ ကျေးရွာပေါင်း ၄၂ ရွာရှိပြီး လူဦးရေ ၁၀,၀၀၀ ကျော်နေထိုင်ကြပါတယ်။

ဒေသခံတွေကို အကြမ်းဖက်စစ်တပ်က  ကုန်းလမ်းပေါ်မှာ သွားလာခွင့် ပိတ်ပင်ကန့်သတ်ထားတာတွေကြောင့် ရေလမ်းကိုသာ အဓိကအသုံးပြု သွားလာလုပ်ကိုင်စားသောက်နေကြရတာဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024