Home
မြန်မာသတင်း
ပုသိမ်ကြီးမြို့နယ်၌ ရဲတပ်ဖွဲ့ဝင် ၂ ဦး သေနတ်ဖြင့် ပစ်ခတ်ခံရ
DVB
·
June 8, 2021
190179917_1396916990694117_184038667156943289_n

မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်၊ ရန်ကင်းတောင်ခြေအနီး ဇွန်လ ၈ ရက် နေ့လယ်ပိုင်းက ရဲတပ်ဖွဲ့ဝင် နှစ်ဦး သေနတ်နဲ့ ပစ်ခတ်ခံရတယ်လို့ သိရပါတယ်။

သေနတ်နဲ့ ပစ်ခံရသူ ရဲနှစ်ဦးအနက် တဦး သေဆုံးပြီး တစ်ဦး ပြင်းထန်ဒဏ်ရာရှိခဲ့တယ်လို့ ကနဦး သိရပါတယ်။

“ရန်ကင်းတောင်ခြေနားက သေနတ်သံတွေတော့ ကြားလိုက်ရတယ်။ ရဲနှစ်ယောက်ကို ကားပေါ်ကနေ ပစ်သွားတာ ပြောတယ်။ တစ်ယောက်ကတော့ နေရာမှာတင် သေတယ် ပြောနေကြတယ်။ တစ်ယောက်လည်း စိုးရိမ်ရတယ်တဲ့။ အခုတော့ ဆေးရုံခေါ်သွားကြပြီ” လို့ ပုသိမ်ကြီးမြို့နယ်မှာ နေထိုင်သူတစ်ဦးက ပြောပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024