မန္တလေးတိုင်း၊ မိုးကုတ်မြို့ရှိ အချုပ်ထောင်ရှေ့မှာ ဇွန်လ ၇ ရက် ည ၈ နာရီဝန်းကျင်က ရဲတပ်ဖွဲ့ဝင် တစ်ယောက်ကို အမျိုးသားတစ်ယောက်က တုတ်နဲ့ ဝင်ရိုက်ထွက်ပြေးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
“ရဲကို တုတ်နဲ့ ရိုက်ပြီးထွက်ပြေးတာ၊ ထောင်ထဲက ရဲတွေက လိုက်ဖမ်းတာ ရိုက်တဲ့သူကို ဖမ်းမိသွားတယ်”လို့ အနီးအနားနေသူတစ်ဦးက ပြောပါတယ်။
မိုးကုတ်မြို့မှာ ဇွန်လ ၂ရက်နေ့ ညကလည်း လမ်းလျှောက်ထွက်လာတဲ့ မိုးကုတ်မြို့ဒုစခန်းမှူး ဓားနဲ့ခုတ်ခံရပြီး အခြေအနေမစိုးရိမ်ရဘူးလို့ သိရပါတယ်။
ဒုစခန်းမှူး ဓားနဲ့ခုတ်ခံရပြီးနောက်ပိုင်း မြို့ထဲကလမ်းတွေမှာ တပ်ချထားပြီး ဆိုင်ကယ်နဲ့ ဖုန်းစစ်ဆေးတာတွေကို ဆက်တိုက်ပြုလုပ်နေပါတယ်။