ဧရာဝတီတိုင်း မအူပင်မြို့မှာ အများပြည်သူနဲ့သက်ဆိုင်တဲ့နေရာတွေ ဗုံးပေါက်ကွဲမှုတွေဖြစ်ပွားပြီးနောက်ပိုင်း မအူပင် PDF အနေနဲ့ ဆေးရုံ၊ စျေးနဲ့ စာသင်ကျောင်းတွေကို ဗုံးဖောက်ခွဲမှာမဟုတ်ဘူးလို့ ကြေညာလိုက်ပါတယ်။
မအူပင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - PDF အနေနဲ့ အများပြည်သူသွားလာတဲ့ ဆေးရုံ၊ စျေးနှင့် စာသင်ကျောင်းများကို ပစ်မှတ်ထားတိုက်ခိုက်မည်မဟုတ်ကြောငိး ဇွန်လ ၇ ရက်နေ့ ရက်စွဲနဲ့ ကြေညာချက်ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။
မအူပင်မြို့က ဆေးရုံကြီးဝန်းအတွင်းမှာ မနေ့ည ၈ နာရီဝန်းကျင်က ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီးနောက်ပိုင်း မအူပင် PDF က အခုလို ကြေညာချက်ထုတ်ပြန်ခဲ့တာပါ။
မအူပင် PDF အနေနဲ့ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်မှာဖြစ်ပြီး စစ်အာဏာရှင်ကို တော်လှန်တိုက်ခိုက်မှုတွေ ဆက်လက်ပြုလုပ်သွားမယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
မအူပင်မြို့မှာ မေလကနေစတင်ကာ ဒီနေ့အထိ ဗုံးပေါက်ကွဲမှု ၅ ကြိမ်ထိရှိခဲ့တယ်လို့ ဒေသခံတွေကပြောဆိုပါတယ်။