မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုကို ဇွန် ၇ ရက်မှာ ထောင်ဒဏ် ၂ ချမှတ်လိုက်တယ်လို့ ဝန်ကြီးချုပ်နဲ့ နီးစပ်သူဆီက သိရပါတယ်။
ဒေါက်တာအောင်မိုးညိုကို ဖေဖော်ဝါရီ ၁ ရက်မှာ အကြမ်းဖက်စစ်ကောင်စီက ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး နေအိမ်အကျယ်ချုပ်ကနေ မကွေးအကျဉ်းထောင်ကို ရောက်ရှိသွားတာပါ။
သူ့ကို နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) ၊ဘေးစီမံ ပုဒ်မ-၂၅တို့နဲ့ တရားစွဲခဲ့တာဖြစ်ပြီး ဒီကနေ့မှာ ပုဒ်မ - ၅၀၅ (ခ)အတွက် ထောင်ဒဏ် ၂ နှစ်ချမှတ်ခဲ့တယ်လို့ ဝန်ကြီးချုပ်နဲ့ နီးစပ်သူတစ်ယောက်က ပြောပါတယ်။
မကွေးမြို့မှာ အကြမ်းဖက်စစ်ကောင်စီက ဝန်ကြီးချုပ်အပါဝင် တိုင်းဒေသကြီးဝန်ကြီးတွေ၊ ကျောင်းသားတွေနဲ့ ဒေသခံပြည်သူ ရာဂဏန်းအထိ ဖမ်းဆီးတရားစွဲဆိုထားပြီး သူ့တို့အတွက် မကွေးမြို့နယ်ရှေ့နေများအသင်းက အခမဲ့ လိုက်ပါအကျိုးဆောင်ပေးနေတယ်လို့ သိရပါတယ်။