ကရင်ပြည်နယ် မြို့နယ် ၈ မြို့နယ်မှာရှိတဲ့ အန်အယ်လ်ဒီအစိုးရ လက်ထက်စိုက်ထူခဲ့တဲ့ အာဇာနည်ကျောက်တိုင်တွေ ဖြိုချဖျက်ဆီးခံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဘားအံ၊ ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီး၊ မြဝတီ၊ သံတောင်ကြီး၊ ဖာပွန်၊ ဘုရားသုံးဆူ၊ လှိုင်းဘွဲ့မြို့နယ်တွေမှာရှိတဲ့ အာဇာနည်ကျောက်တိုင်တွေအားလုံးကို အာဏာသိမ်းစစ်ကောင်စီရဲ့ အကြမ်းဖက်တပ်ဖွဲ့တွေက ဇွန် ၆ ရက်ည ၈ နာရီဝန်းကျင်မှာ စက်ယန္တရားကြီးတွေနဲ့ ဖြိုချဖျက်စီးခဲ့ပါတယ်။
ကရင်ပြည်နယ်မှာရှိနေတဲ့ အာဇာနည်ကျောက်တိုင်တွေကို အာဏာသိမ်းစစ်ကောင်စီက ဘာကြောင့် အခုလို ဖြိုဖျက်တယ်ဆိုတာတော့ မသိရသေးပါဘူး။
ဒေသခံအချိုရဲ့ပြောဆိုချက်အရ ကျောက်တိုင်တွေဟာ ပြည်ထဲရေးဝန်ကြီးဌာနရဲ့ ခွင့်ပြုချက်မရှိဘဲ မြို့နယ်စည်ပင်တွေက ဆောက်လုပ်ခဲ့တဲ့အတွက် အခုလို ဖြိုချဖျက်စီးတာ လို့ သိရပါတယ်။
ယခင်စစ်အစိုးရလက်ထက် မြန်မာ့လွတ်လပ်ရေးခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ အာဇာနည်ခေါင်းဆောင်ကြီးတွေရဲ့ သမိုင်းကို ဖျောက်ဖျက်ခံထားခဲ့ရာက အန်အယ်လ်အစိုးရ လက်ထက်မှာ နိုင်ငံတဝန်းအာဇာနည်အထိမ်းအမှတ် ကျောက်တိုင်တွေကို ပြည်လည်စိုက်ထူထား တာ ဖြစ်ပါတယ်။