စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်၊ စည်လှောင်ရွာအနီး စည်စွဲတောင်နားမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲမှာ စစ်ကောင်စီတပ်ဘက်က ၁၀ ဦး ထက်မနည်းသေဆုံးပြီး ၅ ဦးကို အရှင်ဖမ်းမိခဲ့တယ်လို့ တိုက်ပွဲဝင် ပြည်သူတစ်ဦးက ပြောပါတယ်။
ဇွန် ၆ ရက် မနက် ၁၀ နာရီကျော်လောက်က အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ ဒေသခံပြည်သူတွေ အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့တာပါ။ တိုက်ပွဲအတွင်း ဒေသခံပြည်သူဘက်က ၁ ဦး သေဆုံးခဲ့သလို ၂ ဦး ဒဏ်ရာရခဲ့တယ်လို့လည်း ဆိုပါတယ်။
ပစ်ခတ်မှုတွေကြောင့် တိုက်ပွဲဖြစ်နေရာအနီးက ကျေးရွာနေ ပြည်သူတွေ အိုးအိမ်စွန့်ခွာပြီး ထွက်ပြေး တိမ်းရှောင်နေကြရပါတယ်။