Home
မြန်မာသတင်း
လူမှောင်ခိုပွဲစားမှတဆင့် ထိုင်းဘက်ဝင်လာသည့် မြန်မာ ၁၆ ဦး ဖမ်းဆီးခံရ
DVB
·
June 7, 2021
c1_2127699_210606150253

လူမှောင်ခိုပွဲစားတွေကတဆင့် ထိုင်းနိုင်ငံဘက်ကို တရားမဝင် ဝင်ရောက်လာတဲ့  မြန်မာနိုင်ငံသား ၁၆ ယောက်ကို ကင်းလှည့်တပ်ဖွဲ့က ဖမ်းဆီးခဲ့တယ်လို့ ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြပါတယ်။

ဖမ်းမိခဲ့သူတွေထဲမှာတော့ အမျိုးသား ၁၃ ယောက်နဲ့ အမျိုးသမီး ၃ ယောက်ပါဝင် ပြီး ဆန်ခလာဘူရီခရိုင်ထဲက ရာဘာစိုက်ခင်းထဲ ပုန်းအောင်းနေချိန်မှာ ဒေသခံသတင်းပေးတွေရဲ့ အကူအညီနဲ့ ဖမ်းမိခဲ့တာလို့ ဆိုပါတယ်။

သူတို့ကို ခန္ဓာကိုယ်အပူချိန်တိုင်း စစ်ဆေးကြည့်ချိန်မှာတော့ တယောက်မှ ဖျားနာ နေတာမျိုး မတွေ့ရှိရဘဲလက်ရှိမှာတော့ လိုအပ်တဲ့ အရေးယူဆောင်ရွက်မှုတွေ ပြုလုပ်နိုင်ဖို့နဲ့ နေရပ်ပြန်ပို့နိုင်ဖို့ ဆန်ခလာဘူရီရဲစခန်းကို ပို့ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။

စစ်ဆေးမေးမြန်းချိန်မှာတော့ သူတို့အုပ်စုဟာ လူမှောင်ခိုအဖွဲ့ဝင် မြန်မာလမ်းပြ ၂ ယောက်ရဲ့ ဦးဆောင်မှုနဲ့ ထိုင်းနိုင်ငံထဲကို နယ်စပ်ကတဆင့် ပြီးခဲ့တဲ့ ဇွန် ၄ ရက်နေ့မှာ ဝင် ရောက်လာခဲ့ကြတယ်လို့ ဆိုပါတယ်။

      အဲဒီနောက် မြန်မာလမ်းပြ ၂ ယောက်က ပြန်သွားခဲ့ကြပြီး သူတို့ကိုတော့ နမ်လိုင် ကျေးရွာအနီးက ရာဘာစိုက်ခင်းထဲမှာ ထားခဲ့ကာ ထိုင်းနိုင်ငံတွင်းက နောက်ထပ် လူ မှောင်ခိုအဖွဲ့ဝင်တွေ လာခေါ်တဲ့ အချိန်ထိ စောင့်ဆိုင်းနေခဲ့ကြချိန်မှာ ခုလိုဖမ်းဆီးခံခဲ့ရတာပါ။

      ဘန်ကောက်၊ နခွန်ပထုံ၊ နွန်ထဘူရီ၊ ဆမွတ်ဆခွန်နဲ့ အယုဒ္ဓယစတဲ့ ဒေသတွေမှာ အလုပ်တွေ ရရှိဖို့အတွက် သူတို့ဟာ တယောက်ကို ပွဲစားခ ဘတ် ၁၅,၀၀၀ ကနေ ၂၆,၀၀၀ ထိ ပေးခဲ့ကြရတယ်လို့ ဆိုပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024