စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ စည်လှောင်ကျေးရွာမှာ ဇွန်လ ၆ ရက် ဒီနေ့မနက်ပိုင်းကနေ ညနေအထိ ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့ပြီး ရွာသားတွေ ထိခိုက်ဒဏ်ရာရတာ ရှိသလို အများအပြား ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။
ဒီနေ့ မနက် ၁၀ နာရီဝန်းကျင်မှာ အကြမ်းဖက်စစ်တပ်က စည်လှောင်ကျေးရွာအတွင်း ဝင်ရောက်စီးနင်းခဲ့ပြီး အသံဗုံးတွေ၊ ကျည်ဆန်အစစ်တွေနဲ့ ဒီညနေ ၃နာရီ ၄၄ မိနစ်အထိ ပစ်ခတ်နေတာလို့ ဒေသခံတွေပြောပါတယ်။
အကြမ်းဖက်စစ်တပ် ဝင်ရောက်လာလို့ ရွာသားတွေ ထွက်ပြေးရပြီး စည်လှောင်ရွာသား တစ်ဦး ကျည်ထိ မှန်သေဆုံးခဲ့တယ်လို့လည်း ပြောပါတယ်။
မနက်ခင်းပိုင်းက အကြမ်းစစ်တပ်စတင်ဝင်ရောက်ချိန်တွင် ဒေသခံရွာသားတွေ ထွက်ပြေးခဲ့ပြီး နေ့လယ်ပိုင်းမှာတော့ ရွာသားတွေက စစ်တပ်ကို ပြန်လည်ခုခံတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
မနက်ပိုင်းမှာ စစ်တပ်က လူအင်အား ၈၀ ကျော်လောက်နဲ့ စည်လှောင်တောင်၊ စည်လှောင်ရွာကို ဝိုင်းထားပြီး နေ့လယ်ခင်းပိုင်းမှာတော့ ရွာသားတွေက ပြန်ဝိုင်းထားတယ်လို့ လည်းဆိုပါတယ်။
စုန်းချောင်းကျေးရွာမှာလည်း လုံခြုံရေး ကင်းတံခါး နှစ်ခုနဲ့ အန်အယ်လ်ဒီ ဆိုင်းဘုတ်တွေကို လည်း စစ်တပ်က ရစရာမရှိအောင် ဖျက်ဆီးသွားတယ်လို့ စုန်းချောင်းကျေးရွာသားက ပြောပါတယ်။