ဧရာဝတီတိုင်း၊ မြန်အောင်မြို့နယ်၊ အင်ပင်နယ်မြေရဲတပ်ဖွဲ့ စခန်းက ရဲတပ်သား တစ်ယောက်ဟာ ဇွန်လ ၅ ရက် ဒီနေ့ညနေ ၅ နာရီလောက်မှာ သေနတ်တစ်လက်နဲ့ ထွက်ပြေးရင်း သေနတ် ၃ ချက်လောက် ပစ်ဖောက်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ထွက်ပြေးသွားတဲ့ အဆိုပါ ရဲတပ်သားကို ပြန်ဖမ်းမိပြီး အရေးယူဖို့အတွက် မြန်အောင်မြို့နယ်ရဲစခန်း အချုပ်ကို ပို့ဆောင်ထားတယ်လို့ အင်ပင်နယ်မြေရဲစခန်းမှ အရာရှိတစ်ဦးက ပြောပါတယ်။
"သူက အရက်လည်း စွဲနေတာပါ။ သူ့အမျိုးသမီးမရှိတော့ ပိုဆိုးလိုထွက်ပြေးတာပါ။ အခုတော့ သူ့ကိုပြန်ဖမ်းမိပြီ။ မြန်အောင်မြို့နယ်အချုပ်ကို ပို့ထားလိုက်ပါပြီ။ ကျန်တဲ့အပိုင်းကတော့ အထက်အရာရှိတွေက ဆက်လက်အရေးယူပါလိမ့်မယ်” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၂ ရက် ည ၁၁ နာရီခွဲလောက်ကလည်း အင်ပင်ရဲစခန်းအပိုင်မှာ ရှိတဲ့ ရွှေဆိုင်တစ်ဆိုင်ကို စစ်တပ်က သေနတ်ပစ်ဖောက်ဝင်ရောက်ပြီး ရွှေဆိုင်က အမျိုးသမီးတစ်ဦးကို ဖမ်းဆီးသွား ပါတယ်။