ဧရာဝတီတိုင်း၊ ကျုံပျော်မြို့နယ်၊ လှေဆွဲရွာမှာ ဇွန် ၅ ရက် မနက်ပိုင်းက ပြည်သူတွေနဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပါတယ်။
“ပစ်ခတ်တာက မနက် ၈ နာရီ ဝန်းကျင်ဗုံးပေါက်ပြီးနောက် စတင် ဖြစ်ပွားခဲ့ပါတယ်။ ထိခိုက်တဲ့ သူတော့ မသိရသေးပါဘူး။ ပြည်သူတွေ ပြေးနေရတယ်”လို့ ကျုံပျော်ဒေသခံ တစ်ဦးက ပြောပါတယ်။
စစ်သားနဲ့ရဲတွေဟာ အရပ်ဝတ်တွေနဲ့ လှေဆွဲရွာမှာ လာရောက်ဖမ်းဆီးရာမှာ အပြန်အ လှန်ပြန်ပစ်ခတ်ကြတာလို့ သိရပါတယ်။
ဒီဖြစ်စဉ်ဟာ ဧရာဝတီတိုင်းမှာ အကြမ်းဖက်စစ်တပ်ကို ပထမဆုံး စတင်ပစ်ခဲ့မှုလည်း ဖြစ်ပါတယ်၊။ ပစ်ခတ်မှုဖြစ်ပွားသည့်နေရာကို အကြမ်းဖက်စစ်တပ်နဲ့ရဲတွေ အင်အားအများအပြားနဲ့ ရောက်ရှိလာတယ်လို့ သိရပါတယ်။
ကျုံပျော်မြိုမှာ ဗုံးပေါက်မှုတွေဖြစ်ပွားပြီးနောက် စစ်တပ်က ပြည်သူတွေကို ညချိန်တွေမှာ ဝင်ရောက်ဖမ်းဆီးတာတွေ လုပ်နေတာပါ။