ကချင်ပြည်နယ်၊ ဗန်းမော်-မြစ်ကြီးနားသွားလမ်းမကြီးပေါ်က ဒေါ့ဖုန်းယာန်မြို့နယ်ခွဲ အူထန်ယာန်ရွာ အနီးမှာ ဇွန် ၃ ရက် မနက် ၉ နာရီကျော်က အာဏာသိမ်းစစ်ကောင်စီတပ်နဲ့ ကေအိုင်အေတပ်ရင်း ၁၉ တို့ တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားခဲ့ပါတယ်။
တိုက်ပွဲဖြစ်ပွားရာဒေသဆီ အာဏာသိမ်းစစ်ကောင်စီဝင်တပ်ဖွဲဝင်အင်အား ၁၀၀ ကျော်လောက်ကို ဇွန် ၄ ရက်က စစ်ကူပို့နေတာတွေ့ရတယ်လို့ မျက်မြင်တွေ့ရှိခဲ့သူ ဒေသခံတချို့က ပြောပါတယ်။
မိုးမောက်မြို့နယ်နဲ့ အလော့ဘွမ်တောင်စခန်းနားတွေမှာ ဧပြီနဲ့ မေလတွေအတွင်း တိုက်ပွဲတွေ လချီဖြစ်ပွားခဲ့ရာမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အများအပြား သေဆုံးခဲ့သလို စစ်သုံ့ပန်းတွေလည်း ကေအိုင်အေဘက်မှ ဖမ်းဆီးရမိခဲ့ပါတယ်။