Home
မြန်မာသတင်း
ကယားပြည်နယ်အတွင်း မြို့နယ်များတွင် လျှပ်စစ်မီးများပြတ်တောက်နေ
DVB
·
June 4, 2021
186484437_1213036829114881_5129212163566552130_n

ကယားပြည်နယ်၊ ဒီးမော့ဆို၊ ဖရူဆိုး၊ ဘော်လခဲ၊ ဖားဆောင်းနဲ့ မယ်စဲ့ စတဲ့မြို့နယ်တွေမှာ လျှပ်စစ်မီးတွေ ပြတ်တောက်နေတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

၆၆ ကေဗွီ လွိုင်ကော်-ဘော်လခဲဓာတ်အားလိုင်းဟာ ဇွန် ၃ ရက် ၁၂ နာရီ ၄၃ မိနစ်အချိန်က Earth Fault  ဓာတ်အားလိုင်းအပြစ်ဖြစ်ပေါ်နေတာကြောင့် ဘော်လခဲခရိုင်အတွင်းရှိ မြို့၊ ရွာအားလုံးမှာ ဓာတ်အားပြတ်တောက်နေတာ အခု ဇွန် ၄ ရက် ညနေပိုင်းအထိ ဓာတ်အားပြန်မရသေးကြောင်း သိရပါတယ်။

ဘော်လခဲဒေသခံတဦးက“ဓာတ်အားလိုင်း ပြတ်တောက်တာကို ပြည်သူတွေက သွားရောက်ပြုပြင်ဖို့ကိုလည်း စစ်တပ်က မကြိုက်ဘူး။ အခု ဘော်လခဲ ခရိုင်တခုလုံးက မြို့၊ ရွာ အားလုံးမှာ မီးပြတ်နေတာပေါ့။ မနေ့က နေ့ခင်း ၁၂ နာရီခွဲကျော်ကတည်းက မီးမလာတာ။ ဘော်လခဲခရိုင်မှာဆိုရင် ဘော်လခဲမြို့နယ်၊ ဖားဆောင်းမြို့နယ်၊ မယ်စဲ့မြို့နယ်တွေက လျှပ်စစ်မီးရတဲ့ ရွာတွေအားလုံး လျှပ်စစ်မီးပြတ်သွားတာ။ အခု မီးမရှိတော့ဘူး” လို့ ပြောပါတယ်။

တိုက်ပွဲတွေစဖြစ်တဲ့ မေ ၂၁ ရက်နေ့ကတည်းက ဒီးမော့ဆိုနဲ့ ဖရူဆိုးမြို့တွေမှာလည်း လျှပ်စစ်မီး ဖြတ်တောက်ထားတာ အခုအချိန်အထိဆိုရင် နှစ်ပတ်လောက် ကြာနေပြီလို့ သိရပါတယ်။

ဓာတ်အားလိုင်းပြတ်တောက်နေတာကြောင့် လျှပ်စစ်မီးမရသလို တယ်လီဖုန်းနဲ့ အင်တာနက် လိုင်းတွေလည်း အသုံးပြုဖို့ ခက်နေပြီး ဒေသခံတွေဟာ ဆိုင်ကယ် ဘက်ထရီတွေနဲ့ ဖုန်းအားသွင်း ပြီး ဆက်သွယ်နေကြရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024