ဧရာဝတီတိုင်း၊ အိမ်မဲမြို့နယ်မှာ ဇွန်လ ၃ ရက် ညပိုင်းက အန်အယ်လ်ဒီပါတီရဲ့ ရပ်ကျေး ဥက္ကဋ္ဌ တစ်ယောက်ကို အကြမ်းဖက်စစ်ကောင်စီ တပ်ဖွဲ့တွေက လိုက်လံရှာဖွေဖမ်းဆီးခဲ့ပါတယ်။
ရေသိုးညောင်ဝိုင်းကျေးရွာအုပ်စုရဲ့ အန်အယ်လ်ဒီပါတီ ဥက္ကဋ္ဌ ကိုမိုးအောင်(ခ)ကိုမင်းမင်းကို ကျေးရွာအုပ်ချုပ်ရေးမှူးနဲ့ ရဲ့တပ်ဖွဲ့ဝင်တွေက လာရောက်ဖမ်းဆီးသွားတာလို့ ဒေသခံတွေက ပြောပါတယ်။
"မနေ့ညက အုပ်ချုပ်ရေးမှူးရယ်၊ စရဖတွေရယ်၊ ရဲ သုံးလေးယောက်ရယ် ရောက်လာတယ်။ မေးစရာရှိလို့ မြို့မစခန်းခဏလိုက်ခဲ့ပေးပါလို့ပြောပြီးခေါ်သွားတာ''လို့ဒေသခံ ရွာသားတစ်ဦးက ပြောပါတယ်။
လက်ရှိ ကိုမိုးအောင်(ခ)ကိုမင်းမင်းကို အိမ်မဲမြို့မရဲခန်းမှာ ဖမ်းဆီးထိန်းသိမ်းထားပြီး မိသားစုနဲ့တော့တွေ့ခွင့်မရသေးပါဘူး။
အာဏာသိမ်းစစ်ကောင်စီအကြမ်းဖက်အဖွဲ့ဟာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်တို့အပါအဝင် အန်အယ်လ်ဒီပါတီ ထိပ်တန်းခေါင်းဆောင်တွေ၊ ပြည်နယ်နဲ့တိုင်း ခရိုင်မြို့နယ်အဆင့် ပါတီခေါင်းဆောင်တွေ၊ အန်အယ်လ်ဒီ လွှတ်တော်အမတ်တွေကိုသာမက ရပ်ကျေး အဆင့် ခေါင်းဆောင်တွေ ပါတီဝင်တွေကိုပါ တရားလက်လွတ်လိုက်လံဖမ်းဆီး ထောင်ချနေတာဖြစ်ပါတယ်။