ကချင်ပြည်နယ်၊ ဗန်းမော်မြို့က စနေ ကွက်လပ်ဖြည့် ပရဟိတအသင်းခေါင်းဆောင် ကိုလွင်ကိုချစ် (ခေါ်)ကိုဖိုးချစ်ကို ဇွန်လ ၃ ရက် မွန်းလွဲပိုင်းက ကန်တော်ရပ်ကွက်မှာ စစ်ကောင်စီ လက်နက်ကိုင်တပ်ဖွဲ့တွေက ဖမ်းဆီးသွားတယ်လို့ မျက်မြင်တွေ့သူကပြောပါတယ်။
စနေပရဟိတအဖွဲ့ဟာ ဗန်းမော်မြို့မှာ အပတ်စဉ် စနေနေ့တိုင်း ပတ်ဝန်းကျင်သန့်ရှင်း သာယာရေးအတွက် အမှိုက်တွေရှင်းလင်းဆောင်ရွက်လာခဲ့တာ ၅ နှစ်လောက် ရှိနေပြီ ဖြစ်ပါတယ်။
စနေ ပရဟိတခေါင်းဆောင် ကိုဖိုးချစ်ဟာလည်း ပျော်ရွှင်သွက်လက်စွာနေလေ့ရှိသူတစ်ဦးဖြစ်ပြီး သူ့ကို ဘာကြောင့် ဘယ်နေရာကို ဖမ်းဆီးခေါ်ဆောင်သွားမှန်း မသိရသေးပါဘူး။