ပခုက္ကူမြို့တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး အရုဏ်ဦး သပိတ်ပြုလုပ်
DVB
·
June 4, 2021
မကွေးတိုင်း၊ ပခုက္ကူမြို့မှာ ဇွန်လ ၄ ရက် မနက်အစောပိုင်းက အကြမ်းဖက်စစ်ကောင်စီ အမြစ်ပြတ် ပြုတ်ကျရေးအတွက် အရုဏ်ဦး သပိတ်ပြုလုပ် ချီတက်ဆန္ဒပြခဲ့ကြပါတယ်။
ပခုက္ကူမြို့မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး နေ့စဉ်ပြောက်ကျားစနစ်နဲ့ ချီတက်ဆန္ဒပြနေတာဖြစ်ပြီး နည်းလမ်းပေါင်းစုံနဲ့ တော်လှန်သွားမယ်လို့ ဆန္ဒပြရာမှာပါဝင်သူ တစ်ဦးက ပြောပါတယ်။
ပခုက္ကူမြို့မှာ တက်ကြွလှုပ်ရှားသူ ရာနဲ့ချီအဖမ်းခံထားရပြီး CDM ပြုလုပ်တဲ့ ဆရာ ဆရာမ အယောက် ၁၄၄၀ တာဝန်ကနေ ယာယီရပ်နားခံထားရပါတယ်။