ဧရာဝတီတိုင်း၊ မြန်အောင်မြို့မှာ ဇွန်လ ၄ ရက် မနက်ပိုင်းက ကြံခိုင်ရေးပါတီဥက္ကဋ္ဌ ဦးနေဝင်းဇော်ရဲ့ အိမ်ရှေ့မှာ ဗုံးပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။
ကြာနီကန်လမ်းရှိ ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌ နေအိမ်ရှေ့မှာ ဒီနေ့ မနက် နံနက် ၃ နာရီ ၅၁ မိနစ်လောက်က ဗုံး ၁ လုံးပေါက်ကွဲခဲ့ တယ်လို့ ဒေသခံတွေကပြောပါတယ်။
"မနက်အစောပိုင်းမှာဖြစ်သွားတာ လူတော့ ထိခိုက်တာမျိုး မရှိဘူး။ ကားတော့ နည်းနည်းထိသွားတယ် ကြားတယ်''လို့ ဒေသခံတဦးက ပြောပါတယ်။
ပေါက်ကွဲမှုဖြစ်ပွားပြီး မိနစ်ပိုင်းအကြာမှာ အကြမ်းဖက်စစ်ကောင်စီ ရဲ့လက်နက်ကိုင်တပ်တွေရောက်ရှိလာပြီး စစ်ဆေးနေပါတယ်။ အဲ့ဒီနောက်ပိုင်းမှာတော့ မြို့ခံလူငယ်တွေနဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေကို လိုက်လံဖမ်းဆီးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။