Home
မြန်မာသတင်း
''အမေစုပြန်လာမှ ကလေးကို ကျောင်းထားမယ်''ဟုပြောဆိုခဲ့သဖြင့် အမျိုးသမီး ၁ ဦး ဖမ်းဆီးခံရ
DVB
·
June 3, 2021
188520674_1110304609463548_7257311597859359043_n

မကွေးတိုင်း၊ တောင်တွင်းကြီးမြို့မှာ  အမေစုပြန်လာမှ သူ့ကလေးကို ကျောင်းထားမယ်လို့ ပြောတဲ့အတွက် အမျိုးသမီးတစ်ဦးကို အကြမ်းဖက်စစ်ကောင်စီလက်နက်ကိုင်တပ်ဖွဲ့တွေက  ဇွန်လ ၃ ရက် ဒီနေ့မနက်ပိုင်းက ဖမ်းဆီးသွားပါတယ်။

ဖမ်းဆီးခံရသူနဲ့ နီးစပ်သူတစ်ဦးက ''လမ်းမှာ သူ့မိတ်ဆွေတွေနဲ့ ကလေးတွေကျောင်းထားဖို့ စကားပြောနေကြရာက သူ့ကလေးကိုတော့ အမေစုပြန်လာမှဘဲကျောင်းထားမယ်လို့ ပြောလိုက်တဲ့အသံကို ဘေးကတခြားလူကကြားပြီး စစ်ကောင်စီကို သွားတိုင်တာ'' လို့ ပြောပါတယ်။

ဖမ်းဆီးခံရသည့် အမျိုးသမီးမှာ တောင်တွင်းကြီးမြို့နယ်၊ ညောင်ပင်လှကျေးရွာမှာ နေထိုင်တဲ့ ဒေါ်မိုးသဲဖြစ်ပါတယ်။

သူဟာ တောင်တွင်းကြီးမြို့ပေါ်က စတိုးဆိုင်တစ်ဆိုင်မှာ အရောင်းဝန်ထမ်းအဖြစ် လုပ်ကိုင်နေပြီး ဒီနေ့ မနက်က သူမအလုပ်လုပ်တဲ့ စတိုးဆိုင်ကို စစ်သားနဲ့ရဲတွေရောက်ရှိလာပြီး ဖမ်းဆီးခေါ်ဆောင်သွားတာ ဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024