ဖလူးဒေသတိုက်ပွဲကြောင့် လေးကေ့ကော်မြို့သစ်ကို တိမ်းရှောင်လာရတဲ့ စစ်ဘေးရှောင်တိုင်းရင်းသား ပြည်သူတွေအတွက် ဆန်နဲ့ အခြေခံစားသောက်ကုန်တွေ လိုအပ်တယ်လို့ ကရင်အမျိုးသားအစည်းအရုံး ၊ ဒူပလာယာခရိုင်က ထုတ်ပြန်ပါတယ်။
ကရင်ပြည်နယ် မြဝတီမြို့နယ် ဖလူးကျေးရွာမှာ ဇွန်လ ၁ ရက်နေ့က ဒီကေဘီအေခွဲထွက်အဖွဲ့နဲ့ အာဏာသိမ်းအကြမ်းဖက်စစ်အုပ်စုတို့ တိုက်ပွဲဖြစ်ပွားပြီးနောက် ဒေသခံပြည်သူ ၁၀၀၀ နီးပါး စစ်ရှောင်နေခဲ့ရတာပါ။
အဲဒီတိုက်ပွဲကြောင့် စစ်ဘေးရှောင် ပြည်သူ ၆၀၀ နီးပါး ထိုင်းဘက်ကို ထွက်ပြေးတိမ်ရှောင်ခဲ့ရပြီး ပြည်သူ ၃၀၀ ကျော်က လေးကေ့ကော်မြို့သစ်ကို ရောက်ရှိလာခဲ့ကြတာဖြစ်ပါတယ်။
အခုအခါ စစ်ဘေးရှောင် ပြည်သူတွေအတွက် ဆန်အပါအဝင် အစားအသောက်အကူအညီတွေ လိုအပ်နေတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ရက်က တိုက်ပွဲပြင်းထန်ခဲ့တဲ့ ဖလူးဒေသဟာ ဒီကနေ့မှာတော့ ပစ်ခတ်မှုတွေ မရှိဘဲ အခြေအနေ ငြိမ်သက်နေတယ်လို့ ဆိုပါတယ်။