မန္တလေးတိုင်း၊ မိုးကုတ်မြို့က Non CDM ဆရာ ၊ ဆရာမတွေက ဒီနေ့ ဇွန်လ ၃ရက်နေ့မှာ အရပ်ဝတ်တွေနဲ့ ကျောင်းတက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကျောင်းမှာ ကျောင်းတက်တဲ့ကျောင်းသား မရှိပဲ ဆရာ၊ ဆရာမတွေရဲ့ သားသမီးတွေသာ တက်တာကြောင့် ဆရာ၊ဆရာမတွေက အခန်းတစ်ခုမှာ အရပ်ဝတ်တွေနဲ့ ထိုင်နေတယ်လို့ သိရပါတယ်။
ကျောင်းစဖွင့်တဲ့ ဇွန်လ ၁ ရက် ပထမရက်မှာ ကျောင်းသား ၅ ယောက်လောက် တွေ့ရပေမယ့် ဒီနေ့မှာတော့ ကျောင်းသား ၂ ယောက်လောက်ပဲတွေ့ရတယ်လို့ဆိုပါတယ်။
CDM ဆရာ၊ဆရာမတွေက ဝရမ်းပြေးဘဝရောက်ပြီး အလုပ်ထုတ်ခံရကာ သူတို့ကိုတော့ အာဏာသိမ်းစစ်တပ်က ကာကွယ်ပေးထားတယ်လို့ Non CDM ဆရာမတစ်ဦးက ပြောပါတယ်။
မိုးကုတ်မြို့က Non CDM ဆရာ၊ဆရာမတွေရဲ့ စာရင်းအတိအကျ ပြည်သူတွေကရထားပြီး တစ်စုံတရာ ထိခိုက်မှုရှိလာပါက ပြည်သူတွေက တာဝန်မယူဘူးလို့ ဒေသခံတစ်ဦးက ပြောပါတယ်။