ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့မှာ အခြေစိုက်ထားတဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ တပ်ရင်း၊ တပ်ဖွဲ့၊ တပ်ပိုင်ဧရိယာတွေအတွင်းမှာ လုံခြုံရေးအရ ဇွန်လ ၃ ရက်နေ့က စတင်လို့ ရှေ့ထွက််မိုင်း၊ နင်းမိုင်း၊ တိုက်မိုင်း၊ စွန့်လွှတ်မိုင်းတွေကို စတင် တပ်ဆင်မှာဖြစ်လို့ လူနဲ့ တိရိစ္ဆာန်တွေ လုံးဝ ဖြတ်သန်းသွားလာတာမပြုဖို့ တပ်နယ်မှူးရုံးက အသိပေး ထုတ်ပြန်ပါတယ်။
တပ်ဧရိယာတွေအတွင်း ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တွေ ဝင်ရောက်တိုက်ခိုက်မှု မရှိစေရေးအတွက် ဆီဆိုင်မြို့နယ်က အမှတ် (၄၂၃) ခြေမြန်တပ်ရင်း၊ အမှတ် (၄၂၄) ခြေမြန်တပ်ရင်း၊ ထောက်ပံ့နှင့် ပို့ဆောင်ရေးတပ်ဆွယ်တို့အပြင် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်၊ အမှတ် (၁) စစ်ဗျူဟာရဲ့ မြေဧက (၃၀၀) တို့မှာမိုင်းတွေ တပ်ဆင်ထားမှာဖြစ်ပါတယ်။
ဆီဆိုင်မြို့နယ်ဟာ အကြမ်းဖက်စစ်ကောင်စီတပ်တွေနဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်တွေကြား တိုက်ပွဲပြင်းထန်နေတဲ့ ကယားပြည်နယ်နဲ့ နယ်နိမိတ်ချင်း ထိစပ်နေပါတယ်။