မန္တလေးတိုင်း၊ မိုးကုတ်မြို့၊ ပြောင်ခေါင်းဒေသ၊ ပန်လင်ကျေးရွာအုပ်ချုပ်ရေးမှူးဟောင်း ဦးမောရှေကို အကြမ်းဖက်စစ်အုပ်စုက ဖမ်းဆီးရိုက်နှက်ပြီးနောက် ပုဒ်မ ၅၀၅(က)နဲ့ အမှုဖွင့်လိုက်ပါတယ်။
အုပ်ချုပ်ရေးမှူးဟောင်းနဲ့အတူ ဖမ်းဆီးခံထားရတဲ့အထဲက သုံးဦးကိုတော့ ဇွန် ၃ ရက် မနက်ပိုင်းမှာ ပြန်လွှတ်လိုက်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဇွန် ၂ ရက် မနက်ပိုင်းက အုပ်ချုပ်ရေးမှူးဟောင်း ဦးမောရှေကို အကြမ်းဖက်စစ်အုပ်စုက ဖမ်းဆီးသွားပြီးနောက် နောက်ထပ် နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ၅ ယောက်ကို ထပ်မံလာရောက် ဖမ်းဆီးသွားခဲ့တာဖြစ်ပါတယ်။
ပြန်မလွှတ်ဘဲ ကျန်နေသူတွေကတော့ ပန်လင်ကျေးရွာက စာသင်ကျောင်း မီးလောင်တာကို ပထမဆုံးမြင်သူနဲ့ ဘိန်းသုံးစွဲသူ တစ်ဦးနဲ့ အုပ်ချုပ်ရေးမှူးဟောင်းကို ဆက်လက်ဖမ်းဆီးထား တာပါ။
အုပ်ချုပ်ရေးမှူးဟောင်း ဦးမောရှေက ဘာမှမလုပ်ပဲနဲ့ ဘာကြောင့် ပုဒ်မ ၅၀၅ (က) နဲ့ အမှုဖွင့်လည်း မသိဘူးလို့ ရွာသူရွာသားတွေက ပြောပါတယ်။
အုပ်ချုပ်ရေးမှူးဟောင်းကို ဖမ်းဆီးခေါ်ဆောင်ပြီးနောက်မှာတော့ ရိုက်နှက်ထားတယ်လို့ လည်း ပြန်လွတ်လာသူတွေဆီက သိရပါတယ်။