စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ စုန်းချောင်းကျေးရွာကို ဇွန်လ ၂ ရက်နေ့ ညနေပိုင်းမှာ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့တွေက ဝင်ရောက်စီးနင်းပြီး တပ်မိသားစုတွေအပါအဝင် ဒေသခံရွာသား ၅ ယောက်ကို ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။
ဗိုလ်ကြီးမင်းသူရဲ့အစ်ကို အရင်းဖြစ်သူ ကိုမင်းခန့်၊ ညီအရင်းဖြစ်သူ ကိုနိုင်အောင်၊ ဗိုလ်ကြီး ရဲဆွေအောင်ရဲ့ ဦးလေးအရင်းဖြစ်သူ ဦးရဲမြင့်နဲ့ ဒေသခံရွာသား ၂ ယောက်ကို စစ်တပ်က ဖမ်းဆီးခေါ်ဆောင်သွားတာလို့ ဒေသခံတွေက ပြောပါတယ်။
ဒါ့အပြင် ကျေးရွာအတွင်း စစ်တပ်လာရောက်ချိန်မှာ အိမ်ထဲမှ ထွက်ကြည့်နေတဲ့ ရွာသားတစ်ဦးကို သေနတ်နဲ့ ပစ်ခတ်ခဲ့တဲ့အတွက် ဒေသခံရွာသားရဲ့ပေါင်ကို ကျည်ဆန်ထိမှန်ခဲ့ပါတယ်။