Home
မြန်မာသတင်း
အင်္ဂပူမြို့နယ်၊ မဲဇလီကုန်းနယ်မြေတွင် ကြံ့ခိုင်ရေးပါတီဝင် ၁ ဦး ပစ်သတ်ခံရ
DVB
·
June 3, 2021
192668472_2009912112480344_7072647617819909015_n

ဧရာဝတီတိုင်း၊ အင်္ဂပူမြို့နယ်၊ မဲဇလီကုန်းနယ်မြေ ရခိုင်ရိုးမနဲ့ဆက်စပ်နေတဲ့ ကညင်ဆည်အနောက်ဘက် ၁၀ မိုင်ခန့်အကွာမှာ   ဇွန်လ ၁ ရက်ညက ကြံ့ခိုင်ပါတီဝင် စစ်ကောင်စီ သတင်းပေး ကျွဲဇင်းအုပ်စု အုံးခုံရွာသား တစ်ဦး တူးမီးသေနတ်နဲ့ ပစ်သတ်ခံခဲ့ရပါတယ်။

ကျွဲဇင်းကျေးရွာအုပ်စု ရာအိမ်မှူးတစ်ဦးကတော့ "အုံးခုံရွာသားချင်းဖြစ်တာ၊ သေတဲ့သူက သတင်းပေးတယ်ဆိုပြီပစ်တာ၊ တူမီးနဲ့ပေါ့ သေနတ်သမားကတော့ ရိုးမထဲမှာရှောင်နေလောက်ပြီ” လို့ပြောပါတယ်။

သေဆုံးသူရဲ့ အလောင်းကို မဲဇလီကုန်းဆေးရုံမှာ  ဇွန် ၂ ရက်နေ့က ရင်ခွဲစ​စ်ဆေးပြီး နယ်မြေခံရဲတပ်ဖွဲ့က အမှုဖွင့်ထားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024