မန္တလေးသံဃာတော်များ စစ်အာဏာရှင်ကိုဆန့်ကျင်ဆန္ဒပြ
DVB
·
June 1, 2021
မန္တလေးမြို့မှာ အာဏာသိမ်းစစ်ကောင်စီရဲ့ အကြမ်းဖက်အဖွဲ့တွေ လှည့်လည်နေတဲ့ကြားက ဇွန်လ ၁ ရက် မွန်းလွဲပိုင်း က အာဏာသိမ်းစစ်ကောင်စီအဆုံးသတ်ရေးနဲ့ ဖက်ဒရယ် ဒီမိုကရေစီစနစ်တည်ဆောက်ရေးတို့အတွက် မန္တလေး သံဃသမဂ္ဂသပိတ်စစ်ကြောင်း ချီတက်ဆန္ဒပြခဲ့ကြပါတယ်။
ဒါ့အပြင် မန္တလေး သံဃသမဂ္ဂစစ်ကြောင်းက ဆရာတော် သံဃာတော်တွေဟာ ပြည်သူပြည်သားတွေ ဆင်းရဲဒုက္ခအပေါင်းက အမြန်လွတ်မြောက်စေဖို့ ပရိတ်ရွတ် မေတ္တာပို့တာတွေ လုပ်ဆောင်ခဲ့ကြပါတယ်။