ဧရာဝတီတိုင်း၊ ညောင်တုန်းမြို့နယ်၊ ဆားမလောက်ကျေးရွာ အထက်တန်းကျောင်းနားနဲ့ တာကွေ့ကျောင်းနားမှာ မေလ ၃၁ ရက် ဒီနေ့ည ၈ နာရီလောက်က ဗုံးပေါက်ကွဲခဲ့ပြီး လူတွေ ထိခိုက်ဒဏ်ရာရတာတော့ မရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။
မနေ့ည ၇ နာရီကျော်ကလည်း ညောင်တုန်းမြို့ပေါ်မှာ ဗုံး ၂ လုံးဆက်တိုက် ပေါက်ကွဲခဲ့ပြီး အမျိုးသမီးတယောက် ဒဏ်ရာနည်းနည်းရသွားပါတယ်။
"လူ ၂ ယောက်ကို ဖမ်းသွားတယ်။ တယောက်ကိုတော့ ငွေ ကျပ် ၂ သိန်းတောင်းပြီး ဒီနေ့လယ်ပိုင်းမှာ ပြန်လွှတ်တယ်။ နောက်တယောက်ကိုတော့ ပုဒ်မ ၅၀၅ (က_ နဲ့ အမှုဖွင့်ထားတယ်လို့ သိရပါတယ်"လို့ ဒေသခံတယောက်က ပြောပါတယ်။