Home
မြန်မာသတင်း
ရွှေကူမြို့နယ်တွင် လေယာဉ်ဖြင့်ဗုံးကြဲ
DVB
·
May 31, 2021
194099730_943542629753025_9072338560516430350_n

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်မှာ မေလ ၃၁ ရက်‌ ညနေ ၄ နာရီခွဲလောက်က အကြမ်းဖက်စစ်ကောင်စီရဲ့ လေတပ်က ဂျက်လေယာဉ်နဲ့  ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံ‌တွေရဲ့ ပြောပြချက်အရသိရပါတယ်။

ဧရာဝတီမြစ်ကြောင်းအတွင်း စစ်တပ်က စစ်သည်တွေနဲ့ ရိက္ခာတင်သင်္ဘောတွေ မကြာခဏ ပစ်ခံရတဲ့ မင်းကျောင်းကုန်းကျေးရွာနဲ့ သာယာကုန်းကျေးရွာအကြားကို  ဂျက်လေယာဉ် နဲ့ဗုံးကြဲသွားတာလို့  ရွှေကူဒေသခံတစ်ဦးကပြောပါတယ်

"ဗုံးက ဂျက်လေယာဉ် နှစ်စီးနဲ့ သုံးလုံးလာကြဲသွားတာ။ တစ်လုံးတော့ပေါက်ကွဲတယ်။ နှစ်လုံးကတော့ အသံမကြားမိဘူး။ လူတွေထိခိုက်မှုရှိ မရှိလည်း လောလောဆယ် မကြားမိသေးဘူး။"

ရွှေကူမြို့နယ်ထဲမှာ ဖြတ်သန်းသွားလာတဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ သင်္ဘောတွေကို  ကေအိုင်အေက မကြာခဏ ပစ်ခတ်တိုက်ခိုက်မှုတွေ ပြုလုပ်နေတာ  ၅ ကြိမ်ထက်နည်းရှိပြီ လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024