မကွေးတိုင်း၊ မင်းဘူး စကုမြို့နယ်ထဲမှာ မေလ ၂၈ ရက် မွန်းလွဲပိုင်းက အကြမ်းဖက်စစ်ကောင်စီရဲ့ စစ်ရဟတ်ယာဉ် တစ်စင်း စက်ချို့ယွင်းပြီးတော့ အရေးပေါ်ဆင်းသက်ခဲ့ရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
“ဒီနေ့မွန်းလွဲ ၂ နာရီလောက်က စကု-ဆင်ခေါင်းလမ်း တောင်မန်းရွာ အနောက်ဘက်က ဦးလှရွှေရဲ့ ငါးကန်နားလေးမှာ အကြမ်းဖက်စစ်ကောင်စီရဲ့ ရဟတ်ယာဉ် စက်ချို့ယွင်း ပြီးတော့ အရေးပေါ် ဆင်သက်ခဲ့ရတယ်” ဒေသခံတစ်ယောက်က ပြောပါတယ်။
အဲဒီရဟတ်ယာဉ်ပေါ်မှာ လူ ၆ ယောက်လိုက်ပါလာပြီး ထိခိုက်ဒဏ်ရာရတာ မရှိပါပေမဲ့ ရဟတ်ယာဉ်ကတော့ ထိခိုက်ပျက်စီးနိုင်တယ်လို့ ဆိုပါတယ်။
အဲဒီနေရာကို စကုနဲ့ ဇီးအိုင်က စစ်တပ်တွေ အင်အားအများအပြားနေရာယူထားတဲ့အတွက် ရွာသားတွေကိုအကပ်မခံသလို ဓာတ်ပုံရိုက်ခွင့် လည်းမရဘူးလို့ သိရပါတယ်။