Home
မြန်မာသတင်း
စစ်ကောင်စီတပ်က ဝင်ရောက်ရှာဖွေမှုများ ပြုလုပ်နေ၍ မိုးကောင်းရွာသားများ ဘေးလွတ်ရာ ထွက်ပြေး
DVB
·
May 28, 2021
191100722_471127513963445_3823479442869038300_n
190934765_471127293963467_7050563139271047174_n
190916595_471127573963439_2657050056423409520_n
190873049_471127190630144_2318947248501207245_n
190849817_471127270630136_2067198930467509755_n
190542282_471127547296775_2157491345138400937_n
190512964_471127327296797_1240404333268904566_n
190129165_471127240630139_1376220436220239694_n
190059376_471127377296792_3267714415957284825_n
190059376_471127353963461_5663092850297305293_n
190057687_471130987296431_7581300621686043905_n
ကနီမြို့
191157983_471131007296429_1992182017783777202_n
191137433_471127463963450_2234363967925853087_n

ကနီမြို့နယ် ချင်းတွင်းမြစ်အရှေ့ဘက်ကမ်းက မိုးကောင်း‌ကျေးရွာကို စစ်ကောင်စီတပ် အင်အား ၅၀ လောက်က ဝင်ရောက်ရှာဖွေပြီး ပစ္စည်းတွေ ယူဆောင်တာတွေ ပြုလုပ်နေတာကြောင့် ရွာသားတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ မိုးကောင်းဒေသခံတွေက ပြောပါတယ်။

မိုးကောင်းကျေးရွာနေ ပြည်တစ်ဦးက "ရွာကိုမနက် (၆) နာရီလောက်က ဝင်တယ်။ အယောက် ၅၀ ရှိတယ်။ စစ်ဝတ်စုံနဲ့က (၂၀) ၊ အရပ်ဝတ်နဲ့က အယောက်(၃၀)ပါ။ ဆိုင်ကယ်တွေနဲ့လာတာ။ ပထမ မိုးကောင်းအနောက်ရွာကို‌မွှေတယ်။ အဲရွာပြီးတာနဲ့ မိုးကောင်းအရှေ့ရွာက ရွာဦးဘုန်းတော်ကြီးထံ တပ်စွဲဖို့ လာလျှောက်တာ ဘုန်းကြီးကလက်မခံဘူး။ အဲလိုလက်မခံလို့ ရွာထဲက အိမ်တွေထဲမွှေနောက်နေတယ်။ ရွာသားတွေရဲ့ပစ္စည်းတွေယူ၊ ဈေးဆိုင်တွေက ဘီယာတွေယူ၊ ကြက်တွေချက်‌သောက်စားနေကြတယ်။ ရွာကလူတွေကတော့ ဘေးလွတ်ရာကို ထွက်ပြေးနေရတယ်” လို့ ပြောပါတယ်။

အကြမ်းဖက်စစ်ကောင်စီရဲ့ တပ်တွေဟာ ကျေးရွာတွေက အဖိုးတန်ပစ္စည်းတွေ ခိုးယူ၊ ကြက်၊ ဝက်နဲ့ အစားအစာတွေ သတ်စားကြတာ လုပ်ဆောင်နေကြတာကြောင့် ကနီမြို့နယ်အတွင်း အချို့ကျေးရွာတွေက ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေကြရတာလို့ ဆိုပါတယ်။

ကျေးရွာနေအိမ်တွေမှာ ပြန်လည်နေထိုင်မယ်ဆိုပါက အကြမ်းဖက်စစ်အုပ်စုရဲ့ သတ်ဖြတ်မဲ့အန္တရာယ်ရှိလို့ စိုးရိမ်ကြောင်ရွံ့ပြီး နေအိမ်တွေကို စွန်ခွာထွက်ပြေးနေကြရတာပါ။

ဒါ့အပြင် ဒေသခံပြည်သူတွေရဲ့ ခရီးသွားတာနဲ့ ကုန်စည်စီးဆင်း သယ်ယူတာတွေကိုလည်း အကြမ်းဖက်စစ်ကောင်စီအဖွဲ့က  စစ်ဆေးတာပြုလုပ်ပြီး ဖမ်းဆီးတာ၊ သတ်ပြီးမှ အလောင်းလာယူဖို့ အကြောင်းကြားတာမျိုးတွေလည်းရှိနေတယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024