မန္တလေးတိုင်း မိုးကုတ်မြို့မှာ မေလ ၂၇ရက်နေ့ညက မူးယစ်ဆေးနဲ့ဆက်စပ်လို့ အကြမ်းဖက်စစ်အုပ်စုက ဖမ်းဆီးသွားတဲ့ အမျိုးသမီး ၁ ဦး ပြန်လွတ်လာတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အမျိုးသားဖြစ်သူကိုတော့ စစ်ဆေးစရာရှိသေးတယ်လို့ဆိုပြီး ပြန်မလွှတ်သေးဘူးလို့ ဆိုပါတယ်။
သူတို့လင်မယားက မူးယစ်ဆေးနဲ့ပတ်သက်ပြီး အရှုပ်အရှင်းကင်းသူဖြစ်ကြောင်းနဲ့ ဒလန်က သတင်းပေးတာကြောင့် မူးယစ်နဲ့ဆက်စပ်ပြီး ဖမ်းတာဖြစ်တယ်လို့ ဆွေမျိုးတွေနဲ့ဒေသခံတွေက ဆိုပါတယ်။
သူတို့က သပိတ်တွေမှာ တက်ကြွလှုပ်ရှားသူဖြစ်ပြီး မေလ ၂၇ ရက်နေ့ညက ဖမ်းဆီးခံရတဲ့သူ ၇ ဦးမှာ အမျိုးသမီး ၁ ဦးပဲ ပြန်လွတ်လာသေးတယ်လို့ သိရပါတယ်။