မန္တလေးတိုင်း မိုးကုတ်မြို့အနောက်ပိုင်းမှာ မေ ၂၆ ရက် ည ၇ နာရီဝန်းကျင်က အကြမ်းဖက်စစ်အုပ်စုက သစ်စိမ့်ကုန်းရွာနဲ့ စခန်းကြီးရွာ အုပ်ချုပ်ရေးမှူးဟောင်းတွေနဲ့ ရပ်မိ ရပ်ဖ ၅ ဦးကို ဖမ်းဆီးသွားပြီး ပန်းရံသမားလင်မယားကိုလည်း ဖမ်းသွားတယ်လို့ ဒေသခံတွေ က ပြောပါတယ်။
သစ်စိမ့်ကုန်းရွာ အုပ်ချုပ်ရေးမှူးဟောင်းတစ်ဦးနဲ့အတူ ရပ်မိ၊ ရပ်ဖ ၂ ဦး၊ စခန်းကြီးရွာက အုပ်ချုပ်ရေးမှူးဟောင်း တစ်ဦးနဲ့ ရွာလူကြီးတစ်ဦးကို မေးစရာရှိလို့ဆိုပြီး စစ်အုပ်စုက ဖမ်းဆီးခဲ့တာပါ။
အလားတူ မိုးကုတ်မြို့အောင်နီလာ ရပ်ကွက်က ပန်းရံသမား လင်မယားကိုလည်း မူးယစ်ဆေးနဲ့ ဆက်နွှယ်ပြီး နေအိမ်မှာလာရောက်ဖမ်းသွားတယ်လို့ သိရပါတယ်။
မိုးကုတ်မြို့မှာ အကြမ်းဖက်စစ်အုပ်စုက ဖမ်းဆီးတာတွေ ဆက်တိုက်လုပ်နေပြီး တပ်ချကာ မြို့အဝင်အထွက်တွေမှာပါ ဖုန်းတွေစစ်ဆေးနေပါတယ်။