ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်အတွင်း အကြမ်းဖက်စစ်ကောင်စီကို တိုက်ခိုက်မှုတွေ စတင်ပြုလုပ်တော့မယ်လို့ ကော့ကရိတ်ခရိုင် ပြည်သူကာကွယ်ရေးတပ်ဖွဲ့က (Kawkareik People's Defence Force) မေ ၂၆ ရက် နေ့စွဲနဲ့ ကြေညာပါတယ်။
ကော့ကရိတ်ခရိုင်အတွင်း ကော့ကရိတ်ပြည်သူကာကွယ်ရေးတပ်ဖွဲ့ကို ဖွဲ့စည်းပြီးဖြစ်လို့ အကြမ်စစ်ကောင်စီနဲ့ ပူးပေါင်းနေတဲ့ ဒလန်တွေ၊ လောက်ကောင်တွေ၊ CDM မလုပ်တဲ့ ရပ်ဝေးဝန်ထမ်းတွေအနေနဲ့ မေ ၂၇ ရက်နေ့ နောက်ဆုံးထားပြီး ကော့ကရိတ်ခရိုင်အတွင်းက ထွက်ခွာပေးဖို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
ဒါ့အပြင် မြို့ခံပြည်သူလူထုတွေအနေနဲ့ အကြမ်းဖက်စစ်ကောင်စီနဲ့ ပတ်သက်ဆက်နွှယ်တဲ့ ရုံးတွေ၊ နေအိမ်တွေအနီးကို သွားလာတာတွေ ရှောင်ကြဉ်ကြဖို့လည်း ကြေညာချက်မှာ အသိပေးထားပါတယ်။