မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၊ ရေပုတ်ကလေးကျေးရွာမှာ မေလ ၂၆ ရက် မနက်ပိုင်းက ဒေသခံပြည်သူ ၄ ယောက်ကို အကြမ်းဖက်စစ်တပ်က ဖမ်းဆီးသွားပါတယ်။
ရေပုတ်ကလေးကျေးရွာမှာ ရပ်ရွာဓလေ့အရ ရွာသားတွေစုပေါင်းပြီးတော့ အိမ်ဆောက်ဖို့ အိမ်တိုင်ထူတဲ့အချိန် လူစုမိပြီးတော့ စစ်အာဏာရှင်ပြုတ်ကျရေး ကြွေးကြော်သံတွေ အော်ဟစ်တာကို ဒလန်တွေက သတင်းပေးလို့ ဖမ်းဆီးခံရတာလို့ ဒေသခံတစ်ယောက်က ပြောပါတယ်။
အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဟာ ချက်ချင်းရောက်ရှိလာပြီးတော့သေနတ် ၁၅ ချက်ခန့်ဖောက်ကာ ထွတ်ပြေးတိမ်းရှောင်နေတဲ့ ရွာသားတွေကို အတင်းအဓမ္မဖမ်းသွားတာလို့ ဆိုပါတယ်။
ဖမ်းဆီးခံရသူတွေကတော့ ကိုတင်မိုးဇော်၊ ကိုချစ်မင်းသူ၊ ကိုသန်းထွန်းနဲ့ မခင်နန်းမူ တို့ဖြစ်ပြီး မခင်နန်းမူဟာ ဆန္ဒပြရာမှာပါဝင်ခြင်းမရှိဘဲ နေအိမ်မှာရှိနေစဉ် အဖမ်းခံရတာဖြစ်ပါတယ်။
ရေပုတ်ကလေးကျေးရွာမှာ စစ်ကျွန်ပညာရေးစနစ်အလိုမရှိတာကြောင့် သားသမီးတွေကို မိဘတွေက ကျောင်းအပ်နှံခြင်းမရှိဘူးလို့ ဒေသခံတွေဆီကနေသိရပါတယ်။